Tuesday, October 22nd 2024

အိန္ဒိယဟာ အေအေကို ဘာကြောင့် အလေးထားဆက်ဆံလာရတာလဲ (ရုပ်/သံ)



အိန္ဒိယနိုင်ငံဟာ သူ့အကျိုးစီးပွားတွေ အားကာကွယ်ဖို့ အာရက္ခတပ်တော်(AA)ကို အသိအမှတ်ပြုပြီး ဆက်လက်ညှိုနှိုင်း ဆွေးနွေးမယ့် အနေအထားမြင်တွေ့လာရတယ်လို့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

AA အပါအဝင် မြန်မာစစ်အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ အိန္ဒိယက ဖိတ်ခေါ်ခဲ့သတဲ့အပေါ် အမြင်သဘောထားကို ဆက်သွယ်မေးမြန်းခဲ့အခါ ခုပြောကြားသွားခဲ့ကြတာဖြစ်ပါတယ်။

အိန္ဒိယဟာ ၁၉၉၈ ခုနှစ်က ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ခေါင်းဆောင် ၆ ယောက်ကုိ စာချုပ် အတုတွေနဲ့ သူ့နိုင်ငံကို လိမ်လည်လှည့်ဖျားခေါ်ယူပြီး သူ့နိုင်ငံအတွင်းမှာပင် သွေးအေးအေးနဲ့ လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပါတယ်။

လက်ရှိ ဖိတ်ကြားထားတဲ့ အဖွဲ့တွေမှာ အိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်း၊ ရခိုင်နဲ့ကချင်ပြည်နယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စင်ပြိုင်အစိုးရဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG)တို့ ပါဝင်ပါတယ်။

------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews