Sunday, September 8th 2024

စစ်တွေမှာ စစ်ကောင်စီက ညဥ့်အချိန်ဝင်ရောက်စီးနင်းပြီး ပြည်သူ ရာနဲ့ချီ ဖမ်းဆီးသွား (ရုပ်/သံ)



ရခိုင်ပြည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကယ်ဆယ်ရေးအကွက်(၁၁)ကို စစ်ကောင်စီ တပ်က ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ ညဥ့်အချိန်က ဝင်ရောက်စီးနင်းကာ ပြည်သူရာနဲ့ ချီပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်၊ ညဥ့် ၁၂ နာရီခန့်က စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ ကျောင်းသားလူငယ်တွေ၊ အစိုးရဝန်ထမ်းမတွေနဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ဖမ်းဆီးခံရသူ အရေအတွက်က စုစုပေါင်းအယောက် ၁၀၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်တပ်ကားတွေနဲ့ ခေါ်ဆောင်လာပြီး အဲဒီအထဲကအယောက် ၆၀ လောက်ကို စစ်တွေမြို့မ ရဲစခန်းမှာ ညဥ့်အချိန် အပ်နှံထားခဲ့ပြီး တခြားသူတွေကိုတော့ စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews