Sunday, September 8th 2024

ရခိုင်မှာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေများလာနေ



▢ ရခိုင်ပြည်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းကြောင့် ဒေသခံတွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေများလာနေပြီး တောတောင်တွေကို မှီခိုလုပ်ကိုင်စားသောက်ကြတဲ့ ဒေသခံအများအပြား လုပ်ကိုင်စားသောက်ရေးအခက်အခဲဖြစ်နေကြပါတယ်။
လက်ရှိ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေတဲ့ သံတွဲနဲ့ မောင်တောမြို့တွေမှာ စစ်ကောင်စီက အဲဒီမြို့နှစ်မြို့ မကျဆုံးစေဖို့ ခံစစ်နဲ့ပြင်ဆင်နေပြီး မြို့တွင်းသို့ အေအေ ဝင်ရောက်လာနိုင်တဲ့ နေရာတွေနဲ့ မြို့ပတ်လည်မှာ စွန့်လွှတ်မိုင်းနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့သိရပါတယ်။ အဲဒီပြင် ကျောက်ဖြူ၊ စစ်တွေ၊ ဂွမြို့နဲ့ ကျိန္တလီမြို့တွေမှာ စစ်ကောင်စီက အာရက္ခတပ်တော် AA ဝင်ရောက်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေသွားလာနေတဲ့ တောတောင်တွေနဲ့ မြို့ပတ်လည်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေများလာနေတဲ့အတွက် ဒေဒသခံတွေအနေနဲ့ သတိထား သွားလာကြဖို့ကိုကိုလည်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။
------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews