Sunday, September 8th 2024

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လက်မခံတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နတ်မြတ်မှာ စက်လှေတွေနဲ့ မျောပါနေ



အာရက္ခတပ်တော် (AA) နဲ့ မြန်မာအစိုးရတပ်ဖွဲ့တို့အကြား မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းက စက်လှေတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့ (BGP)နဲ့ စစ်သား၁၀၀ ကျော်ကို ဘင်္ဂလာအာဏာပိုင်တွေက လက်မခံတဲ့အတွက် နတ်မြစ်ထဲမှာ စက်လှေတွေနဲ့ မျောပါနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို Dhaka Tribune မှာ ဇူလိုင် ၁၄ ရက်နေ့က ဖော်ပြရာမှာတော့ မြန်မာဘက်မှာ အေအေနဲ့ မြန်မာအစိုးရတပ်တို့ စစ်ရေးတင်းမာမှုများ မြင့်တက်လာချိန်မှာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) က လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ သစ်သားငါးဖမ်းစက်လှေ နှစ်စင်းနဲ့အတူ ကျူးကျော် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီ ငါးဖမ်းစက်လှေ နှစ်စင်းနဲ့ အတူ အသက်ဘေးက လွှတ်မြောက်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ရန် မြန်မာ BGPတွေ ကြိုးပမ်းခဲ့ကြပြီး လက်ရှိမှာ မအောင်မြင်ဘဲ နတ်မြစ်အတွင်း မျောပါနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews