Sunday, September 8th 2024

သံတွဲမြို့ ခမရ ၅၆၆ နဲ့ ခလရ (၅၅) တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သံတွဲ စစ်ရေးအခြေအနေ သုံးသပ်ချက်



ရခိုင်ပြည်တောင်ပိုင်းက ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ သံတွဲမြို့ ငပလီ အခြေစိုက် လက်ကျန်တပ်ရင်း တစ်ရင်းဖြစ်တဲ့ ခရလ (၅၅) ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်၊ မနက် (၉) နာရီ (၄၅) မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သံတွဲမြို့မှာ တပ်ရင်း ၂ ရင်းတည်ရှိပြီး အဲဒီအထဲက ခမရ (၅၆၆)ကိုတော့ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီကတည်းက အာရက္ခတပ်တော် အေအေက သိမ်းပိုက် ရရှိထားခဲ့ပြီး ၁၂ ရက်လောက်အကြာမှာတော့ ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သံတွဲ မဇင် လေဆိပ်၊ ငပလီနဲ့ တစ်ခြား စခန်းငယ်အများအပြားကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သလို ငပလီကမ်းခြေတလျှောက် ဟိုတယ်တွေလည်း အေအေလက်ထဲကို ရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် သိမ်းပိုက်လိုက်တဲ့ ငပလီ အခြေစိုက် ခလရ (၅၅) တပ်ရင်းဟာ ရခိုင်ပြည်မှာ အရှည်ကြာဆုံး တည်ရှိနေတဲ့ တပ်ရင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်းများစွာ အခိုင်အခန့် တည်ဆောက်ထားတဲ့ တပ်ရင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်မှာ ခလရ ၅၅ ကို စစ်တွေ ခလရ (၂၀)နဲ့ ကျောက်ဖြူ ခလရ (၃၄) တို့ နဲ့ အတူ အခြေစိုက်ခဲ့တာဖြစ်ပါတယ်။
အခုလို အခိုင်အခန့် တည်ဆောက်ထားတဲ့ ခလရ ၅၅ တပ်ရင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်း ပစ်ကူမှုတွေ ပေးနေတဲ့ကြားကနေ အေအေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက် အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။



အဲဒီတပ်ရင်းတွေက ထွက်ပြေးလွတ်မြောက်နေတဲ့ရန်သူတွေ၊ စစ်ကူလာပေးနေတဲ့ ရန်သူတွေနဲ့ သံတွဲမြို့ထဲက လက်ကျန် ရန်သူတွေဟာ သံတွဲမြို့ နဲ့ သံတွဲမြို့အနီး ပတ်ဝန်းကျင်မှာ ခုခံစစ်တွေကိုဆင်နွှဲဖို့ ပြင်ဆင်နေတဲ့အတွက် သံတွဲမြို့တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရယူနိုင်မယ့် ထိုးစစ်တွေကို ဆက်လက်ဆင်နွှဲရအုံးမယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews