Friday, October 18th 2024

တပ်ရင်း ၂၀ လောက်နဲ့ခုခံပေမယ့် ခမရ ၅၆၆၊ မဇင်လေဆိပ်ကို အေအေ သိမ်းပိုက်နိုင်တာဘာကြောင့်လဲ



ကမ္ဘာကျော် ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့ကို စစ်ကောင်စီက တပ်ရင်း ၂၀ လောက်နဲ့ ခုခံနေတဲ့ကြားထဲက သံတွဲ့အခြေစိုက် ခမရ ၅၆၆၊ ငပလီ နဲ့ မဇင် လေဆိပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပါတယ်။

သံတွဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ပါဝင်တဲ့တပ်ရင်းတွေကတော့ သံတွဲအခြေစိုက်တပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ (၅၆၆) နဲ့ ခလရ (၅၅) တပ်ရင်းတို့ အပါအဝင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းတွေဖြစ်ကြတဲ့ ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နဲ့ ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီရဲ့ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နဲ့ Myanmar Navy SEALs တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

ခုလို တပ်ရင်းတွေ အများအပြားနဲ့ စစ်ကောင်စီက ခုခံခဲ့ပေမယ့် သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်း၊ ငပလီ၊ မဇင်လေဆိပ်နဲ့ သံတွဲမြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ခမရ (၅၆၆) ကို လက်လွှတ်လိုက်ရတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ သံတွဲ၊ လေဆိပ် အတွင်း၊ လေဆိပ်အနီးအဆောက်အအုံတွေ၊ နာမည်ကြီးဟော်တယ်ကြီးတွေနဲ့ ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှာ ခုခံစစ်တွေကို ဆင်နွှဲခဲ့ပါတယ်။
ဒါအပြင် ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အဲဒီ အနီးပတ်ဝန်းကျင်တွေမှာ ခုခံစစ်ဆင်နွှဲနေတဲ့ နေရာတွေအားလုံးကို ဇူလိုင်လ (၅) ရက်၊ မနက် ၆ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်ကိုလည်း အပြီးသတ် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

သံတွဲတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းမိသလို တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်း ၄၀၀ ကျော်ကိုလည်း ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULAက ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်က ဖမ်းဆီးရမိတဲ့ သုံ့ပန်းအချို့ရဲ့ ပြောကြားချက်အရ တပ်မ (၁၀၁) က တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြပြီး ၁၀ ရင်းစလုံး ချေမှုန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို တပ်ရင်း ၂၀ လောက်နဲ့ခုခံပေမယ့် ခမရ ၅၆၆၊ ငပလီနဲ့ မဇင်လေဆိပ်ကို အေအေ သိမ်းပိုက်နိုင်တာဘာကြောင့်ပါလဲ။
------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews