Friday, September 20th 2024

စစ်တွေ မင်းဂံရပ်ကွက်ကို စစ်ကောင်စီက ညအချိန်ဝင်ရောက်ပြီး လူပေါင်း ၁၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား



နိရဉ္စရာ၊ ဇွန် ၁၇/ ၂၀၂၄

စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိတဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်က နေအိမ်အများအပြားကို ညအချိန် ဧည့်စာရင်းနဲ့ အိမ်ထောင်စုစာရင်း စစ်ဆေးတဲ့အကြောင်းပြပြီးတော့ လူ ၁၅၀ ကျော်ကို ဖမ်းဆီးပြီး ကားပေါ်တင် ခေါ်ယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်နေ့ ည ၁နာရီလောက်က မင်းဂံအကွက်(၅) ကနေစပြီးတော့ မင်းဂံအကွက် (၁၀)ထိ စစ်ကောင်စီတပ်သားတွေနဲ့ စစ်သင်တန်းဆင်းမွတ်ဆလင်စစ်သားတွေဟာ စစ်ကား (၁၀) စီးနဲ့ ရပ်ကွက်ထဲကိုဝင်ရောက်ပြီး တစ်အိမ်ချင်းစီဝင်ရောက်စစ်ဆေးပြီး အသက် (၁၃)နှစ်ကနေ စပြီးတော့ အသက်(၆၀)ကျော်အထိ မသန်စွမ်းသူတွေ အပါအဝင် အမျိုးသမီး၊အမျိုးသား ၁၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင် စစ်တွေမြို့ခံ အမျိုးသားတစ်ယောက်က နိရဉ္စရာ သတင်းဌာနကို ပြောပါတယ်။


စစ်ကောင်စီအုပ်ချုပ်ရေး အပြည့်အ၀ ရှိနေသေးတဲ့ စစ်တွေမြို့မှာ စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး ညှဉ်းပမ်းသတ်ဖြတ်မှုတွေ ပြုလုပ်လေ့ရှိတဲ့အတွက် ဖမ်းဆီးခံရသူတွေ အတွက် အရမ်းစိုးရိမ်စရာဖြစ်နေတယ်လို့ သူက ပြောဆိုပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews