Friday, September 20th 2024

ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ဘာပြောလိုက်သလဲ (ရုပ်/သံ)



ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်( ဗျိုင်းဖြူရွာ)မှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စစ်ကောင်စီက စုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ ဇွန်လ ၂ ရက်နေ့အထိ အရပ်သားသေဆုံးမှု ၇၆ ယောက်အထိ ရှိသွားပြီးလို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်က ဇွန် ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့အထဲမှာ အမျိုးသမီးတွေလည်းပါဝင်ပြီး အနည်းဆုံး အမျိုးသမီး ၃ ဦးကတော့ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြရပါတယ်။

ခုလို စစ်ကောင်စီ အုပ်ချုပ်ရေး အောက်မှာ ရှိနေသေးတဲ့ စစ်တွေမြို့နယ်က ကျေးရွာ တစ်ရွာမှာ အခုလို အပြစ်မဲ့တဲ့ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးကတော့ လုံး၀ မဖြစ်သင့်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောဆိုပါတယ်။

စစ်တွေမြို့ဗျိုင်းဖြူရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ လူသားမျိုးနွယ်ရာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တဲ့ စစ်ရာဇဝတ်မူလည်း မြောက်ပါတယ်။

ဒီလူသတ်မှုဟာ ဒီနေ့ ခေတ်သစ်သမိုင်းမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကတော့ ဗျိုင်းဖြူရွာ အစုလိုက် အပြုံလိုက် လူသတ်မှုကို ဘယ်သောခါ မေ့ပျောက်နိုင်ကြမှာ မဟုတ်တော့သလို ကမ္ဘာတည်သရွေ့ နာကျည်းစရာ ဖြစ်ရပ်ဆိုးတစ်ခုအဖြစ် တည်ရှိသွားမှာ ဖြစ်ပါတယ်။


------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews