Friday, September 20th 2024

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် အမျိုးသမီးများအပါအဝင် လူပေါင်း (၄၀) ကျော် အသတ်ခံရ(ရုပ်/သံ)



နိရဉ္စရာ၊ ဇွန်လ ၁/၂၀၂၄

စစ်ကောင်စီ အုပ်ချုပ်ရေး အောက်မှာရှိတဲ့ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျရပ်ကွက်(ယခင်ဗျိုင်းဖြူရွာ)မှာ အမျိုးသမီးတွေအပါအဝင် လူပေါင်း (၄၀) ကျော် ရက်ရက်စက်စက် အသတ်ခံရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ယောက်က နာမည်နဲ့ တကွ ထုတ်ဖော်ပြောဆိုလာပါတယ်။

သတ်ဖြတ်ခံရတဲ့ သူတွေအထဲမှာ မောင်ဖြိုးဖြိုးနိုင် (အသက် ၁၅)၊ ဘုမောင် (အသက် ၁၈)၊ ရဲကျော် (အသက် ၂၁ )၊ ကိုမောင်ချီး (အသက် ၂၂ )၊ မောင်ထွီး (အသက် ၂၂)၊ ကိုအောင်သူချေ (အသက် ၂၉ )၊ ဦးကျော်နိုင် (အသက် ၄၂ )၊ ဦးမောင်သိန်းထွန်း (အသက် ၅၀ ကျော်)၊ ဦးမောင်စံသား (အသက် ၆၀)၊ ဦးကျန်သာထွန်း (အသက် ၇၀) တို့အပါအဝင် အယောက် (၄၀) ကျော်တို့ဖြစ်ကြပါတယ်။

ဒါအပြင် ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၃ ယောက်ကိုလည်း အဓမ္မပြုကျင့်ပြီး စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကလည်း နိရဉ္စရာသတင်းဌာနကို‌ ပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews