Friday, September 20th 2024

အရပ်သားမွတ်ဆလင်တွေကို အာရက္ခတပ်တော်က လူသားချင်းစာနာမှုနဲ့ ဆေးဝါးကုသမှုပေး



ဘူးသီးတောင်တိုက်ပွဲအတွင်း စစ်ကောင်စီ​ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ဒဏ်ရာရ အရပ်သားမွတ်ဆလင်တွေကို အာရက္ခတပ်တော်က လူသားချင်းစာနာမှုနဲ့ ဆေးဝါးကုသမှုပေးခဲ့
နိရဉ္စရာ၊ မေ ၂၉/၂၀၂၄
စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့အကြား ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်တိုက်ပွဲမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိခဲ့တဲ့ အရပ်သား မွတ်ဆလင်တွေကို အာရက္ခတပ်တော်က လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဆေးကုသမှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၉ ရက် နေ့က ထုတ်ပြန်လိုက်တဲ့ အာရက္ခတပ်တော်ရဲ့ ရုပ်သံမှတ်တမ်းအရ ၂၀၂၄ ခုနှစ် မေလ (၁၄)ရက်နေ့ ဘူးသီးတောင်မြို့နယ်၊ ငကျိုင်တောက်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေးစား၊ အလတ်စား ဒဏ်ရာရရှိခဲ့သူတွေကို အာရက္ခတပ်တော်က လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုတွေ ပြုလုပ်ပေးခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီး ထိမှန်မှုကြောင့် ညာဘက်ခြေထောက် အရိုးကျိုးသွားတဲ့ မွတ်ဆလင်အမျိုးသမီးတစ်ယောက််ကို မိမိတို့မှာ ရှိတဲ့ဆေးဝါး၊ ခွဲစိတ်ကိရိယာတွေနဲ့ ကုသပေးခဲ့တာ မြင်တွေ့ခဲ့ရတယ်။
ဒါ့အပြင် ၂၀၂၄ခုနှစ်၊ မေလ (၁၁)ရက်နေ့က ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃)၊ (၅၃၅)တပ်ရင်းတို့က အကြမ်းဖက်စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းကျေးရွာသူ၊ ကျေးရွာသား (၃၅)ယောက်ကို အာရက္ခတပ်တော်က ကယ်ထုတ်နိုင်ခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့ မွတ်ဆလင်အမျိုးသား(၁)ယောက်ကိုလည်း အာရက္ခတပ်တော်၊ ဆေးဝန်ထမ်းတွေက ခွဲစိတ်ကုသပေးခဲ့တာကို ဖော်ပြထားတာ တွေ့ရှိရပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews