Friday, September 20th 2024

ဘူးသီးတောင်မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်စစ်ရေးအခြေအနေ



နိရဉ္စရာ၊ မေ ၂၀/၂၀၂၄
အာရက္ခတပ်တော်ဟာ မေလ(၁၈)ရက်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ(၁၅)နဲ့ စစ်ဗျူဟာအပါအဝင်တပ်ရင်း (၂၀)နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ဘူးသီးတောင်တစ်မြို့လုံးကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်တယ်။

ဘူးသီးတောင်မြို့နယ်ဟာ ရခိုင်ပြည်အတွင်းမှာ စစ်ကောင်စီတပ်ရင်းအများဆုံး အခြေစိုက်ရာမြို့နယ်တစ်ခုကဖြစ်ပြီး စကခ(၁၅)နဲ့ စစ်ဗျူဟာ၊အမြောက်တပ်တွေ၊ အင်ဂျင်နီယာတပ်တွေအပါအဝင် စစ်သည်အင်အား၊လက်နက်အင်အားအများဆုံး တပ်ဖြန့်ထားတဲ့ မြို့နယ်လည်း ဖြစ်တယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ဘူးသီးတောင်အရှေ့ခြမ်းက ခမရ(၅၅၂)ကို စတင်သိမ်းပိုက်ခဲ့ပြီး အခု မေလ (၁၈)ရက်မှာ တစ်မြို့လုံးကို သိမ်းပိုက်ခဲ့တာဖြစ်တယ်။

တစ်ဆက်တည်းမှာပဲ အာရက္ခတပ်တော်ဟာ အနောက်ဘက်မှာ အဓိကကျတဲ့ မောင်တောမြို့ကို သိမ်းပိုက်ဖို့ထိုးစစ်ဆင်နေပြီး မကြာမီ အာရက္ခတပ်တော်ထိန်းချုပ်မှု ရောက်ရှိဖွယ် ရှိနေပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းစစ်မျက်နှာမှာ အောင်မြင်မှု ရရှိနေတဲ့ အာရက္ခတပ်တော်ဟာ တောင်ပိုင်းစစ်မျက်နှာလည်း ထိုးစစ်တွေအကြီးအကျယ်ဆင်နွှဲလျက်ရှိပါတယ်။

သံတွဲမြို့နယ်၊ရွှေလှေတိုက်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံးများစွာနဲ့ ဆုတ်ခွါနေရပြီး စစ်ရေးအခြေမလှဖြစ်နေသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့နယ်မှာလည်း အာရက္ခတပ်တော်က အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်နေတာ တွေ့ရတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews