Friday, September 20th 2024

လက်ရှိ ရခိုင်စစ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ အင်တာဗျူး



“ ပြည်ထောင်စုဆိုတဲ့ အမည်ခံ ကိုလိုနီ စနစ်အောက်မှာ ကျနော်တို့ ရခိုင်တွေဟာ ကိုယ့်ရပိုင်ခွင့်တွေ မရခဲ့တာ၊ ဆုံးရှုံးခဲ့တာ ကြာပါပြီ။ ရခိုင်ပြည်ဟာ ရေခံမြေခံ ကောင်းပေမဲ့၊ သဘာဝ သံယဇာတ ပေါတယ်ဆိုပေမဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတာက သက်သေပြနေပါတယ်။ အဲဒါတွေကို ကျနော်တို့က လွှတ်တော်မှာ နိုင်ငံရေးအားဖြင့် ကုစားဖို့ လုပ်ခဲ့ကြတယ်။ မအောင်မြင်ခဲ့ဘူး။ အဲဒါက သူတို့ ပေးလိုက်တဲ့ သင်ခန်းစာက မင်းတို့မှာ အင်အားမရှိရင် ဘာမှတောင်းလို့မရဘူးဆိုတဲ့ သင်ခန်းစာကို ပေးလိုက်တယ်။"

ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ (၄) လ ကျော်ကာလအတွင်း ရက္ခိုင့်တပ်တော် (AA)ဟာ ပလက်ဝဒေသအပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်တွေဖြစ်ကြတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ရမ်းဗြဲနယ်စတဲ့ စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီမြို့နယ် (၉) မြို့နယ်ထဲမှာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေခရိုင်အထဲက ရသ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေလည်း ပါဝင်ပါတယ်။ စစ်တွေခရိုင်ကို မြို့နယ် ၃ ခုကိုတောင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဆိုတော့ ပြည်နယ်မြို့တော် စစ်တွေရဲ့ စစ်ရေး အခြေအနေက ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ အဲဒီကတစ်ဆင့် ရခိုင်တစ်ပြည်လုံးရဲ့ အနာဂတ် စစ်ရေး အခြေအနေက ဘယ်လိုဖြစ်လာနိုင်ပါသလဲ။

ဒီစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ နိုင်ငံရေ ကျွမ်းကျင်သူလည်း တစ်ဦးဖြစ်တဲ့ ဦးဖေသန်းကို နိရဉ္စရာ သတင်းထောက် သျှင်မင်းဇံက ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews