Friday, September 20th 2024

မတ်လ ၂ ရက်နေ့ နိရဉ္စရာရုပ်သံ အစီအစဉ်



ရခိုင်ပြည်ရဲ့ မြို့တော်စစ်တွေမှာ ပြည်သူ့စစ်မှုထမ်းခေါ်ဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာ မတ်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်က ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံပြီး စစ်မူထမ်းဥပဒေကိုအသက်သွင်းဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်တွေက ရုံးဝန်ထမ်းတစ်ယောက်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ စလို့ သံတွဲမြို့နယ်က ရခိုင်လူငယ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့တို့က မွတ်ဆလင်တွေကို ရက်တို စစ်သင်တန်းစတင်ပေးနေပြီး အခု မတ်လအတွင်းကစလို့ စစ်တွေက ရခိုင်လူငယ်တွေကိုပါ စစ်မှုထမ်းဥပဒေအသက်သွင်းဖို့ စစ်ကောင်စီက စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့ မွေးရပ်ဇာတိရွာက ဆွေမျိုးတွေ အားလုံးကိုတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကင်းလွတ်ခွင့် ကတ်ပြားတွေ ထုတ်ပေးထားတယ်လို့ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews