Friday, September 20th 2024

သားဖြစ်သူတွေကို မျက်စိရှေ့မှာ စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ဖခင်နှစ်ယောက် ပြောဆို



ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ တိုင်းဗဟို ၉ က ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ သားဖြစ်သူတွေကို မျက်စိရှေ့မှာ နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ ကယ်ထုတ်မှုနဲ့ လွတ်မြောက်လာတဲ့ မင်းပြားမြို့နယ် စပါးထားရွာက ဖခင်တွေဖြစ်ကြတဲ့ ဦးမောင်ခင်ရွှေနဲ့ ဦးမောင်သန်းမြင့်တို့က ပြောပါတယ်။

သူတို့တွေဟာ မိသားစုစားဝတ်နေရေးအတွက် ဝါးခုတ်သွားတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဓားစားခံအဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီးနောက် အထုတ်ထမ်းခိုင်း၊ အမျိုးမျိုး ညှင်းပန်းနှိမ်စက်တာနဲ့ ရိုက်နှက်သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ မတ် ၁၄ ရက်နေ့ ရက္ခိုင့်တပ်တော်က သူတို့ ပြောပြချက်တွေကို ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews