Thursday, September 19th 2024

ရခိုင်တိုက်ပွဲအတွင်းကပျံ့နှံလာသော စိတ်ဝင်စားစရာ ရုပ်သံဖိုင်များ (ရုပ်/သံ)



အခုတလော ရခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းက ရုပ်သံဖိုင်တွေ တစ်ခုပြီးတစ်ခု ဆိုရှယ်လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာနေပါတယ်။
ဒီရုပ်သံဖိုင်တွေကို ရခိုင့်တပ်တော်က တရားဝင်ထုတ်ပြန်တာမဟုတ်ပေမယ့် သက်ဆိုင်ရာ ရခိုင်တပ်တော်ရဲ့ စစ်​မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတဲ့ စစ်သည်တော်တွေက မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ ရုပ်သံဖိုင်တွေဖြစ်ကြတယ်လို့ ယေဘူယျ သုံးသပ်ပြောဆိုလို့ရပါတယ်။

ဒီရုပ်သံဖိုင်တွေအထဲမှာ စစ်ကောင်စီ တပ်ရင်းတွေကို သိမ်းပိုက်ရရှိပြီးနောက် တပ်ရင်းတွေ စခန်းတွေကို ရခိုင်တပ်တော်က ရှင်းလင်းရေးလုပ်နေတာတွေ၊ ဖမ်းဆီးရမိတဲ့သုံ့ပန်းတွေ၊ မိသားစုတွေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ရုပ်သံဖိုင်တွေလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်အတွင်းမှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပန်နားကျွန်း၊ မြေပုံ၊ ရမ်းဗြဲနဲ့ ပလက်ဝဒေသအတွင်းက တပ်ရင်းတွေ၊ စခန်းတွေ ၊ ဗျူဟာကုန်းတွေအပါအဝင် စခန်းပေါင်း ၂၁၆ ခု ကို ရခိုင်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီအထဲမှာ မြောက်ဦးနဲ့ ပလက်ဝခရိုင်မြို့ကြီးနှစ်မြို့ပါဝင်သလို မြို့နယ်အရဆိုရင်လည်း ၇ မြို့နယ်အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews