Thursday, September 19th 2024

မွတ်ဆလင်တွေကို စစ်ကောင်စီက လက်နက်တပ်ဆင် ပြီး ရှေ့တန်းစစ်မြေပြင်ပို့ဆောင်



ရခိုင်က မွတ်ဆလင်တွေကို စစ်ကောင်စီက လက်နက်တပ်ဆင် ပြီး ရှေ့တန်းစစ်မြေပြင်ပို့ဆောင်မှုတွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်ရုပ်သံနဲ့တကွ ပေါ်ထွက်လာနေပါတယ်။

ရခိုင်က မွတ်ဆလင်တွေကို စစ်မှုထမ်းဖို့ စုဆောင်းနေတာ မမှန်ကန်ဘူးလို့ စစ်ကောင်စီက ပြောဆိုပေမယ့် လက်တွေ့မှာ မွတ်ဆလင်တွေကို ရက်တို စစ်သင်တန်းတွေ ပေးပြီး ရှေ့တန်းကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

အခုလိုမွတ်ဆလင်တွေကို စစ်ကောင်င်စီက စစ်တွေမှာရော၊ ဘူးသီးတောင်မြို့နယ်တွေပါ စစ်သင်တန်းတွေ ပေးပြီး ရက္ခိုင်တပ်တော်ရဲ့ တိုက်ခိုက်မှုကို ခုခံရင်ဆိုင်ဖို့ စစ်ကောင်စီက စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စစ်မှုထမ်းဖို့ စုဆောင်းပြီး သင်တန်းပေးနေတဲ့ ပုံတွေ၊ လက်နက်တွေတပ်ဆင်ပြီး စစ်ရေးအရ အသုံးပြုနေတဲ့ ရုပ်သံဖိုင်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပေါ်ထွက်လာနေပါတယ်။

ဒီလုပ်ရပ်ဟာ ရခိုင်နဲ့ ရခိုင်မှာနေထိုင်တဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခ ပိုမိုကြီးထွားအောင် စစ်ကောင်စီက ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက် အထူးသတိထားရမယ့် ကိစ္စရပ်ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီဟာ သူတို့ ရခိုင်မှာ စစ်ရှုံးနေတဲ့အတွက် သူတို့ အနေနဲ့ ဘာမဆို လုပ်ကိုင်ဆောင်ရွက်သွားမယ့် အနေအထားမျိုးဖြစ်နေတာကြောင့် ဒီလုပ်ရပ်အပေါ် အထူးသတိထား စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။

ဒီလုပ်ရပ်ကြောင့် နောက်ဆက်တွဲပြသနာပိုမိုကြီးထွားလာနိုင်တာကြောင့် စစ်ကောင်စီရဲ့ အခုလုပ်ရပ်အပေါ် ရခိုင်ပြည်သူတွေအနေနဲ့ ညီညွတ်စွာနဲ့တုံ့ပြန်ဆန့်ကျင်သွားကြရမှာလည်းဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews