Thursday, September 19th 2024

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်



ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

နိရဉ္စရာ၊ မတ်လ ၇/ ၂၀၂၄

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA)သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်က နိရဥ္စရာကိုပြောပါတယ်။

မနေ့က မတ်လ ၆ ရက်နေ့မှာ သိမ်တောင်ပေါ်ကလက်ကျန် စစ်ကောင်စီတပ်သားတွေဟာ ကလိန်တောင်မြစ်အတွင်းက ဇက်နေဗီကို ဆင်းပြေးကြတဲ့အချိန်မှာ အေအေက တိုက်ခိုက်လိုက်တဲ့အတွက် ရမ်းဗြဲမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရမ်းဗြဲမြို့ကို စစ်ကူ၊ စစ်လက်နက်နဲ့ ရိက္ခာတွေ မပို့နိုင်အောင်အတွက် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ သိမ်တောင်ကုန်းပေါ်က စစ်သားတွေ နေဗီကို တပ်ဆုတ်တဲ့အချိန်မှာ အေအေက တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ စပြီးတော့ အေအေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်လကျော်အကြာတွင် ရမ်းဗြဲမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews