Thursday, September 19th 2024

မြို့တော်စစ်တွေ မြို့မဈေးကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၁၂ ယောက်သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရှိခဲ့



ရခိုင်ပြည်ရဲ့ မြို့တော်စစ်တွေ မြို့ဈေးကြီးအနီး ကိုးရီးယားဆိပ်ကမ်းပျံကျတန်းမှာ လက်နက်ကြီးကျလို့ အရပ်သား ၁၂ ယောက် သေဆုံးပြီး အယောက် ၈၀ ကျော် ဒဏ်ရာရသူခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ မနက် (၈) နာရီ (၁၀) မိနစ်လောက်က အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ ရေတပ်၊ စစ်သင်္ဘောတစ်စီးပေါ်က ရည်ရွယ်ချက်ရှိရှိနဲ့ စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁၂) ယောက် သေဆုံးခဲ့ပြီး အပြင်းစား ဒဏ်ရာရသူ (၃၁) ယောက်၊ အလတ်စား၊ အသေးစားဒဏ်ရာရသူ (၅၀) နီးပါးအထိရှိပြီး စုစုပေါင်း အယောက် (၈၀) လောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews