Thursday, September 19th 2024

အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို အေအေက အပြီးသတ်သိမ်းပိုက်



အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို အေအေက အပြီးသတ်သိမ်းပိုက်လိုက်ပြီးတဲ့နောက် မင်းပြားမြို့အနီးအပတ်ဝန်းကျင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ မင်းပြားမြို့နယ်က တစ်ခုတည်းကျန်နေသေးတဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

ဆယ်ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မင်းပြားမြို့၊ ကမ်းနီရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်-AA က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့အတွက် ရှုံးမဲမဲနေတဲ့ စစ်ကောင်စီဟာ မင်းပြားမြို့နယ်၊ မင်းဖူးအရပ်ဘက်ဆေးရုံကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူတွေ၊ သုံ့ပန်းတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews