Thursday, September 19th 2024

မအီမြို့ကို စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာချိန် မအီတံတားကို မိုင်းခွဲဖျက်ဆီးသွား



ရခိုင်ပြည်၊ မအီမြို့ကို စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာချိန် မအီတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့ပါတယ်။

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ည ၉ နာရီခွဲအချိန်လောက်က မြို့ကိုစွန့်ခွာသွားပြီး ကားနဲ့သွားနေတဲ့အချိန် ရက္ခိုင့်တပ်တော် ကင်းခြေကျေးရွာအနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကင်းခြေကျေးရွာဘက်မှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တစ်ချို့ ပျက်စီးခဲ့ရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ မအိမြို့ကို မနေ့ ညက စွန့်ခွာသွားကြပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတိအကျကိုတော့ စုံစမ်းနေဆဲပါ။

ဒါပေမယ့်လည်း မအီမှာရှိတဲ့ စစ်ကောင်စီတပ်သားအားလုံးစခန်းခွာသွားခြင်းမဟုတ်ပဲ တစ်ချို့တဝက်ပဲ စွန့်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ စစ်လက်နက်ပစ္စည်းတွေနဲ့ မိသားစုဝင်တွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းမြို့ကို ရဟတ်ယာဉ်နဲ့ ၅ ကြိမ်တိုင်တိုင်ပို့ဆောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောဆိုကြပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews