Thursday, September 19th 2024

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ နယ်ခြားစောင့် အယောက် ၃၃၀ မြန်မာဘက်ထံ လွှဲပြောင်း



မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို
အသက်စွန့် ထွက်ပြေးသွားခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောက် ၃၃၀ ကို ဒီနေ့ မနက်ပိုင်းမှာ
မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က မြန်မာစစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဘင်္ဂလာ BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
အောင်ကျော်မိုးတို့ တက်ရောက်ခဲ့ပါတယ်။

လွှဲပြောင်းခံရသူ ၃၃၀ အထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင် လေးယောက်၊ စစ်ကောင်စီတပ်သားတစ်ယောက်၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင် ၁၈ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုလှုံလာခဲ့တဲ့ အရပ်သား ၄ ယောက်၊ စုစုပေါင်း မြန်မာနိုင်ငံသား ၃၃၀ ယောက်တို့ဖြစ်ကြပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews