Thursday, September 19th 2024

ရခိုင်တိုက်ပွဲ ၃ လအတွင်း တပ်မမှူးနဲ့ ဗျူဟာမှူးအဆင့် ၂ ယောက်ကို အရှင်ဖမ်းမိ၊ ၂ ယောက်ကို အသေဖမ်းမိထား



ရက္ခိုင့်တပ်တော်ရဲ့ (၃)လတာ စစ်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မမှူး၊ ဗျူဟာမှူး အဆင့် ၂ ယောက်ကို အရှင်ဖမ်းမိပြီး ၂ ယောက်ကို အသေဖမ်းမိပြီး၊ ကျန်တစ်ယောက် သေ/ရှင်မသိရဘဲ ပျောက်ဆုံး နေတယ်လို့ ရက္ခိုင့်တပ်တော် (AA)က မနေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက်မသေဘဲ ဖမ်းမိသူ နှစ်ယောက်ကတော့ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) က ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းနဲ့ ကျောက်တော် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်တို့ဖြစ်ပါတယ်။

ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့က ဖမ်းဆီးရမိချိန်မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာ ရရှိထားလို့ သေလုမျောပါး ဖြစ်နေပြီး အခု မိမိတို့ဆေးတပ်ဖွဲ့ဝင်တွေ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးက လွတ်မြောက်သွားပြီး ပြန်လည် ကျန်းမာနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အသက်ဘေးကနေ နောက်ထပ် ကင်းလွတ်ခဲ့သူတစ်ယောက်ကတော့ စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ဖြစ်ပြီး ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွေအတွင်း အသက်လု ထွက်ပြေးလာခဲ့ရာကနေ သူရဲ့တပ်ဖွဲ့ဝင်အချို့နဲ့အတူ AA က အရှင်လက်ရဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews