Thursday, September 19th 2024

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ စစ်ကောင်စီနယ်ခြားစောင့် ၆၈ ယောက်ရဲ့ လက်နက်တွေကို ဖြုတ်ကာ ထိန်းသိမ်းထား



ရက္ခိုင့်တပ်တော် အေအေရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းတောင်ပြိုမြို့ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်သား ၆၈ ယောက်ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းပြီး သူတို့ကို ထိန်းသိမ်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ထွက်ပြေးတဲ့သူ ၆၈ ယောက်အထဲမှာ ၁၅ ဦးက ဒဏ်ရာရရှိထားပြီး အဲဒီအထဲက ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့ အတွက် ကော့စ်ဘဇားဆေရုံမှာ တင်ထားရတယ်လို့ ဘင်္ဂလာက မီဒီယာတွေမှာ ဖော်ပြပါတယ်။

ကျန်တဲ့ ဒဏ်ရာထားတဲ့ မြန်မာနယ်ခြားစောင့် တပ်သားတွေကိုတော့ နယ်စပ် MSF ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၄ ရက် နံနက် ၄ နာရီခန့် က ရက္ခိုင့်တပ်တော်ဟာ တောင်ပြိုမြို့ လက်ဝဲ နယ်ခြားစောင့် စခန်းနဲ့ လက်ယာစခန်း ၂ ခုစလုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ အလွန်ပြင်းထန်ခဲ့ပြီး မနက်ကနေ ညနေအထိ တစ်နေ့လုံး သေနတ်ပစ်ခတ်သံတွေကို ကြားခဲ့ရတယ်လို့ ဒေသအတွင်းက သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။ စစ်ကောင်စီတပ်ဟာ ရဟတ်ယာဉ်တွေနဲ့ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲချတာတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews