Tuesday, September 17th 2024

အိန္ဒိယကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာခေါ်တဲ့ စစ်လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွား



▢အိန္ဒိယကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာခေါ်တဲ့ စစ်ကောင်စီလေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွား (ရုပ်/သံ)

နိရဉ္စရာ၊ ဇန်နဝါရီ ၂၃ /၂၀၂၄

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ရှုံးလို့ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက်သယ်ဆောင်မယ့် စစ်ကောင်စီလေယာဉ်ဟာ Lengpui လေဆိပ်အဆင်းမှာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်မှာ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီလေယာဉ်ဟာ လေယာဉ်ကွင်းအဆင်း ပြေးလမ်းချော်ပြီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားတယ်လို့ ဒေသခံတွေ ပြောတယ်လို့ ခိုနှုမ်းသုန်မှာ သတင်းဖော်ပြထားပါတယ်။

အဲဒီလေယာဉ် တိမ်းမှောက်သွားမှုကြောင့် လေယာဉ်ပေါ်ပါလာသူ တချို့သေဆုံးမှုရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့လည်း နိရဉ္စရာအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် ပလက်ဝ‌ ဒေသကနေ အိန္ဒိယနိုင်ငံဘက်ကို စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၃၆ ဦးနဲ့ တခြားအဆင့်တပ်ဖွဲ့ဝင်အယောက် ၂၄ဝ ကျော်လည်း ထွက်ပြေးခဲ့သွားကြပါတယ်။

အဲဒီ အိန္ဒိယဘက်ကို ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်သား ၂၇၆ ဦးကို (၂) သုတ်ခွဲပြီး မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အနီး Lengpui လေဆိပ်ကနေ တစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်ပို့မှာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက် တနင်္လာနေ့က ပထမအသုတ် ၁၈၄ ဦးကို ပြန်ပို့ခဲ့ပြီး ကျန်နေတဲ့ ၉၂ ဦးကို ဒီနေ့ ဇန်နဝါရီ ၂၃ ရက် အင်္ဂါနေ့မှာ ဒုတိယအသုတ် လာရောက်သယ်ဆောင်မယ့်အချိန်မှာ လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews