Tuesday, September 17th 2024

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်ချက် (ရုပ်၊ သံ)



▪️ မဘိမ်းမြို့၊ မံဝိန်းကြီးစခန်း၊ ဖားကန့်က စခန်းတွေကို သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူနဲ့ ဆက်သွယ်မေးမြန်ချက် (ရုပ်၊ သံ)
နိရဉ္စရာ (အင်တာဗျူး) ဇန်နဝါရီ ၂၂/၂၀၂၄
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ကြတဲ့ ရက္ခိုင့်တပ်တော် (AA)၊ ABSDF၊ PDF စတဲ့အဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီစခန်းတွေ တစ်ခုပြီး တစ်ခု ကျရှုံးနေပါတယ်။
KIA ဟာ စစ်ကောင်စီ စစ်ကောင်စီရဲ့ လေယာဉ်တွေကိုပါ ပစ်ချနိုင်တဲ့အထိ အောင်မြင်မှုရနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
အခုရက်ပိုင်းမှာလည်း ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းကြီးစခန်း၊ ကချင် - ရှမ်းနယ်စပ်မှာရှိတဲ့ မဘိမ်းမြို့ စစ်ကောင်စီစခန်းတွေအပြင် ဖားကန့်မြို့နယ်က စခန်းတွေကိုပါ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်သိမ်းယူနေပါတယ်။
ဒီလို သိမ်းယူနေတာဟာ စစ်အာဏာရှင်ပြုတ်ကျရေး ဘုံရည်မှန်းချက်အောက်မှာ အားလုံး အတူတကွ ပါဝင်လက်တွဲပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက နိရဉ္စရာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
(အင်တာဗျူး အပြည့်အစုံကို ဒီရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်)
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews