Tuesday, September 17th 2024

''ဝ'' ပြည်နယ် ဟိုပန်ခရိုင်သစ်ဖွဲ့စည်းမယ်



▢ ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေကို "ဝ" ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP/ UWSA) အုပ်ချုပ်မှု အောက်ကို လွှဲပြောင်းယူပြီးနောက် ဟိုပန်ခရိုင်သစ် ဖွဲ့စည်းသွားမယ်လို့ တာဝန်ရှိသူ တစ်ယောက်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ဟိုပန်မြို့ နဲ့ ပန်လုံမြို့တွေကို ဇန်နဝါရီလ ၅ ရက်က တိုက်ခိုက်ထိန်းချုပ်အပြီးမှာ စစ်ကောင်စီက အဲဒီမြို့ နှစ်မြို့ကို "ဝ"ပြည်သွေးစည်း ညီညွှတ်ရေးပါတီ (UWSP/UWSA) အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းလိုက်တယ်လို့ "၀"ဘက်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ရာကနေ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သား ၇၀၀ လောက်ကိုလည်း လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းက ဟိုပန်မြို့ နဲ့ ပန်လုံမြို့တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ အခမ်းအနားနဲ့ လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။

ဟိုပန်နဲ့ပန်လုံဒေသ နှစ်ခုအား '၀'ပြည်နယ် ပြည်သူ့အစိုးရထံ လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမမှာ ကျင်းပခဲ့ပြီး ဗဟို"၀"ပြည်နယ်ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တက်ရောက်ခဲ့ပါတယ်။

ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေဟာ 'ဝ' လူမျိုးတွေ ပိုင်ဆိုင်တဲ့ မြို့တွေဖြစ်ပြီး ၁၉၉၀ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင်လက်ထက်မှာ UWSA ထံ လွှဲပြောင်းရာ ကျန်ခဲ့တဲ့ မြို့တွေလည်းဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews