Tuesday, September 17th 2024

▪️ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့မျော်လင့်နေကြ (ရုပ်၊ သံ)



▪️ ရက္ခိုင့်တပ်တော် ( AA) က ပလက်ဝမြို့အပါအဝင် ပလက်ဝဒေသတစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်တဲ့အတွက် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့မျော်လင့်နေကြ (ရုပ်၊ သံ)

ရက္ခိုင့်တပ်တော် ( AA) အနေနဲ့ ပလက်ဝမြို့နယ်အတွင်း စစ်စခန်းတွေအားလုံးကို သိမ်းပိုက်လိုက်နိုင်ပြီး ပလက်ဝမြို့ အပါအဝင် ပလက်၀ ဒေသတစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ မိမိတို့နေရပ်ကို အမြန်ဆုံးပြန်နိုင်ဖို့အတွက်ကိုမျှော်လင့်နေတယ်လို့လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ပလက်ဝမြို့နယ်က အခြားမြို့တစ်ခုမှာ စစ်ဘေးရှောင်နေရတဲ့ ပလက်ဝဒေသခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရက္ခိုင့်တပ်တော်အနေနဲ့ ပလက်ဝဒေသမှာ တိုက်ပွဲတွေအလျင်မြန်စွာနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အတွက် အိမ်ပြန်န်ုင်ဖို့ကို ဝမ်းသာကျေနပ်ဖြစ်ရတယ်လို့ ပလက်ဝမြို့ပေါ်က ယာယီစစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင် လူငယ်တစ်ဦးက ပြောပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews