Tuesday, September 17th 2024

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ် (စကားဝိုင်းဆွေးနွေးပွဲ)



▢ရခိုင်အပါအဝင်မြန်မာတစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေဟာ သူသတ်မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် နေ့စဉ်ရက်ဆက် ကိုယ်လက်အင်္ဂါပျက်စီးမှုတွေနဲ့ ကြုံနေရသလို အသက်သေဆုံးမှုလည်း အများအပြားရှိနေပါတယ်။
အခုတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်မှာလည်း ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ မြေမြုပ်မိုင်းတစ်ခုနဲ့ သေဆုံးသူက ၇၆ ယောက်နဲ့ ၂၀၂၃ ခုနှစ်မှ ၈ယောက်ရှိတယ်လို့ မိုင်းအန္တရာယ်လျှော့ချရေး အသိပညာပေးအဖွဲ့တစ်ခုက ဆိုပါတယ်။ ဒါက သူတို့အဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး မြေပြင်မှာတော့ ဒီထက်လည်း ပိုများနိုင်ပါသေးတယ်။

ရခိုင်ပြည်အတွင်းမှာ လက်ရှိ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီးတော့ နောက်ထပ်လည်း မိုင်းပြသနာတွေ ဆက်လက် ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုအပေါ် ညှာတာမှုကင်းမဲ့တဲ့ မြန်မာတပ်မတော် လက်အောက်မှာ မိုင်းတွေကို ပရမ်းပတာထောင်တာကြောင့် မြေမြုပ်မိုင်း အန္တရာယ်ဟာ အလွန်စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။ ရခိုင်ဒေသခံတွေအနေနဲ့တော့ လက်ရှိအခြေအနေမှာတော့ အောက်ပါ အချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ ဖြစ်ရပ်တွေကို လတ်တလော စောင့်ကြည့်လေ့လာချက်တွေ အရ ၂၀၂၃ ခုနှစ် ပထမ ခုနှစ်လတာကာလအတွင်း မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိခိုက်ခံစားရသူအရေအတွက်က (၆၅၀ ဦး) ရှိခဲ့ပါတယ်။ ဒီ ကိန်းဂဏန်းဟာ ၂၀၂၂ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့တဲ့ (၃၉၀) ဦး အရေအတွက်ထက် သိသိသာသာ တိုးမြင့်လာပြီး ထိခိုက်ခံစားရသူ စုစုပေါင်းရဲ့ (၁၆၇) ရာခိုင်နှုန်း ရှိနေခဲ့ပြီးဖြစ်တယ်လို့ UNICEF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက် စုစုပေါင်း၏ (၃၉) ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ပဲခူးတွင် (၁၃) ရာခိုင်နှုန်းနဲ့ ရှမ်းတွင် (၈) ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။ ဧရာဝတီ၊ ချင်း၊ ကချင်၊ ရခိုင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ တနင်္သာရီနဲ့ ရန်ကုန် အပါအဝင် ကျန်ဒေသသတွေမှာ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့ (၄၀) ရာခိုင်နှုန်းရှိတယ်လို့ UNICEF ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ ပေါက်ကွဲမှုတွေ ကြောင့် ထိခိုက်ခံစားရသူ အရေအတွက်စုစုပေါင်းရဲ့ (၂၂) ရာခိုင်နှုန်းဟာ ကလေးများဖြစ်ကြပါတယ်။ ဒီကိန်းဂဏာန်းတွေဟာ အရပ်သား ထိခိုက်ခံစားရမှုတွေကိုသာ ထင်ဟပ်ကြောင်း သတိပြုရန် အရေးကြီးပါတယ်လို့ UNICEF က ဆိုထားပါတယ်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

-မိမိအကျွမ်းတဝင်မရှိတဲ့ လမ်းခရီးကို ဒေသခံပြည်သူတွေကို အန္တရာယ်ရှိ/ မရှိ မေးမြန်း၍သွားပါ။
-မလိုအပ်ဘဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်စေ၊ လက်နက်ကြီးတွေကျထားတဲ့နေရာဖြစ်စေ မသွားပါနဲ့
-စစ်တပ်စခန်းအနီးဝန်းကျင်မှာ သစ်ဝါးခုတ်တာ၊ဟင်းရှာဟင်းခူးနဲ့ နွားရှာတာတွေမလုပ်ပါနဲ့။
-စစ်သားတွေတပ်စွဲခဲ့တဲ့နေရာ၊ စခန်းချခဲ့တဲ့နေရာတွေကို ရှောင်ရှားပါ။
- ကျည်တစ်တောင့်ကအစ စစ်ကျန်ပစ္စည်းတွေကို အိမ်သို့ယူဆောင်တာ၊ ရွာထဲကို ယူဆောင်တာတွေလုံး၀မလုပ်ပါနဲ့
-မိုင်းအပါအဝင် စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ကျီစားတာ၊ တစ်ဦးကို တစ်ဦးစနောက်တာလုံး၀ မလုပ်ပါနဲ့
-ပေါက်ကွဲနိုင်တဲ့လက်နက်အကြွင်းအကျန်တွေကိုတွေ့ရင် ထိတွေကိုင်တွယ်တာတွေ လုံး၀မပြုလုပ်ပါနဲ့
-မြေမြုပ်မိုင်းဖြစ်စေ လက်နက်ကြီးကျည် အကြွင်းအကျန်ဖြစ်စေ တွေ့ရှိရင် တစ်ခုခုနဲ့ ပေါက်ပစ်တာမျိုးမလုပ်ပါနဲ့
- မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကျည်ဆံတွေရှိတဲ့နေရာ အနီးဝန်းကျင်ကို မီးရှို့တာမျိုးလုံး၀ မလုပ်ပါနဲ့
-မိုင်းဖြစ်စေ၊စစ်ကျန်အကြွင်းအကျန်လက်နက်ဖြစ်ပါစေတွေ့ရှိရင် သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်းကို အကြောင်းကြားပါ
-တတ်နိုင်တဲ့ အခြေအနေပေးရင် အမှတ်အသားတွေပြုလုပ်ပြီး လူတွေမြင်နိုင်အောင် သတိပေးမှုပြုလုပ်ပါ
-မြေမြုပ်မိုင်းအပါအဝင် စစ်အကြွင်းအကျန်လက်နက်ပစ္စည်းတွေဟာ လူတွေကို သေဆုံးစေနိုင်ပြီး ဒုက္ခိတလည်းဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရခိုင်အပါအဝင်မြန်မာတစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ လူသတ်မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ နိရဉ္စရာသတင်းဌာနက စကားဝိုင်းဆွေနွေးပွဲတစ်ခု ပြုလုပ်ကာ တင်ဆက်လိုက်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews