Tuesday, September 17th 2024

အကြမ်းဖက်စစ်ကောင်စီကြောင့် လက်နက်ကိုင်ဖို့ ရွေးချယ်လိုက်ရတဲ့ ရခိုင်လူငယ်တွေ



▢ ရခိုင်မှာ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ရခိုင်လူငယ်အများအပြားဟာ တော်လှန် တိုက်ပွဲဝင်ဖို့အတွက် မိမိတို့ရဲ့ အသိစိတ်ဓာတ်နဲ့ တပ်တော်ရှိရာ နယ်မြေတွေထဲကို တစ်သုတ်ပြီး တစ်သုတ် သွားရောက်နေကြတယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေ ပြောပါတယ်။

ယခင်က သားသမီးများအား လက်နက်ကိုင်တော်လှန်ခြင်းကို အားမပေးခဲ့သလို ပညာရေးကိုသာ အားပေးခဲ့ကြသည့် မိသားစုများအထဲတွင်လည်း စစ်ကောင်စီရဲ့ ရခိုင်ပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေ ဒူးတွေ့နဖူးတွေ့ခံစားနေရတဲ့တွက် အခုအချိန်မှာ သားသမီးတွေကိုပါ လက်နက်ကိုင်စေချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေတဲ့ အပြင် တော်လှန်ရေးထဲကို သွားဖို့ တိုက်တွန်းမှုတွေလည်း ရှိတယ်လို့ ကျောက်တော်မြို့နယ်က အသက် (၅၀) ကျော် အမျိုးသမီးကြီးတစ်ယောက်က ပြောပါတယ်။

လက်ရှိရခိုင်ပြည်မှာ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာဖို့ စစ်ရိပ်စစ်ငွေ့တွေသန်းနေပြီး ဗုံးသံအမြောက်သံတွေနဲ့ အတူ ရခိုင်လူငယ်တွေရဲ့ တောက်ခေါက်သံ၊ ကြုံးဝါးသံတွေဟာ မိုးယံထဲမှာ ပျံ့လွင့်နေတဲ့အပြင် အားကြိုးမာန်တက် သင်တန်းတက်နေကြတဲ့ ရခိုင်လူငယ်တွေရဲ့ 'ဘယ်ညာ ဘယ်ညာ' အော်သံတွေက ရိုးမတောင်ရိပ်အောက်တစ်ခုလုံးမှာ အားတက်စဖွယ် ပျံ့လွင့်နေပါတယ်။

တကယ်တော့ ရက္ခိုင့်တပ်တော်ကလည်း ရခိုင်အသွေးအသား လူငယ်မျိုးဆက်တွေနဲ့ တည်ဆောက်ထားတဲ့ တပ်တော်ဖြစ်တဲ့အတွက် ရခိုင်တိုင်းပြည် ရခိုင်လူမျိုးအတွက် အနစ်နာခံ ပေးဆပ်ရမယ့်တာဝန်မှာ ရခိုင်လူငယ်တိုင်းမှာ ရှိတယ်ဆိုရင်လည်း မမှားပါဘူး။

"ကျွန်သဘောက်ဘ၀နဲ့ အသက်တစ်ရာနေရခြင်းထက် တိုက်ပွဲဝင်ရင်း သေဆုံးရခြင်းက ပိုလို့ မြတ်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စစ်ကျွန်ဘ၀နဲ့ အသက်ရှင်ရခြင်းထက် အမျိုးသားရေး၊ လွတ်လပ်ခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးတို့အတွက် တိုက်ပွဲဝင်ရင်း သေဆုံးရခြင်းက ပိုမွန်မြတ်တယ်လို့ လူငယ်တွေ ကြားမှာ ပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်က လွတ်မြောက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ဖို့ တော်လှန်ရေးနယ်မြေထဲကို အလုံးအရင်းနဲ့ သွားနေကြတဲ့ အားကောင်းမောင်းသန် ရခိုင်လူငယ်တွေအားလုံးရဲ့ စွန့်လွတ်စွန့်စားလို့တဲ့ စိတ်ဓာတ်တွေဟာ အနာဂတ်အတွက် ရောင်နီဦးပင်ဖြစ်ပြီး ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews