Tuesday, September 17th 2024

KIA ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဥ်အပျက်နဲ့အတူ စစ်သား ၆ ဦးအလောင်းတွေ့ရှိပြီး ရဟတ်ယာဥ်မှူးကို အရှင်ဖမ်းမိ



▢ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချလိုက်တဲ့ ရဟတ်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးရဲ့ အလောင်းကို တွေ့ရှိပြီး ရဟတ်ယာဥ်မှူးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေ ဓာတ်ပုံနဲ့တကွဖော်ပြလာပါတယ်။

အဲဒီစစ်ရဟတ်ယာဥ်ပစ်ချခံရပြီး မီးလောင်ပျက်စီးသွားရာကနေ ရဟတ်ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးမှာလည်း မီးလောင်သေဆုံးသွားပြီး ဒဏ်ရာရရှိထားတဲ့ ရဟတ်ယာဥ်မှူး DSA အမှတ်စဉ် (၄၅) ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ကိုအရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

အရှင်ဖမ်းဆီးရရှိထားတဲ့ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်မှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ အမျိုးတော်စပ်တယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မြစ်ကြီးနား- လိုင်ဇာလမ်း လိုင်စင်ဘွမ်ဘက်က နာဖော့( Nahpaw ) နဲ့ ကကမ် ( Kagam) တောင် စစ်တပ်စခန်းဆီ ဆင်းလာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပစ်ချလိုက်တာဖြစ်တယ်လို့ Kachin News group ( KNG) က ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက သတင်းဖော်ပြခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ် နာဖေါ့စစ်ကောင်စီတပ်စခန်းကို ဦးတည်ပျံသန်းလာတဲ့ စစ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ရာ မီးလောင်ပျက်စီးပြီး ပျက်ကျသွားတဲ့ ဗီဒီယိုမှတ်တမ်းလည်း လူမှုကွန်ရက်ပျံနှံ့ခဲ့ပါတယ်။

အဲဒီရဟတ်ယာဉ်မှာ မြစ်ကြီးနားဘက်ကနေ တက်လာတာဖြစ်ပြီး ရိက္ခာလာပို့တဲ့ရဟတ်ယာဥ်ဖြစ်နိုင်တယ်လို့ (KIO/ KIA) ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာနတွေကို အတည်ပြုပြောဆိုထားပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews