Tuesday, September 17th 2024

၅ ရက်အတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီ ရဲစခန်းနှစ်ခုနဲ့ စစ်စခန်း နှစ်ကို သိမ်းပိုက်နိုင်ခဲ့



နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/၂၀၂၃

ရခိုင်မှာ ရက္ခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ၅ ရက်တာအတွင်း ရက္ခိုင့်တပ်တော်(အေအေ)က စစ်ကောင်စီရဲ့ ရဲစခန်းနှစ်ခုနဲ့ စစ်စခန်းနှစ်ခုတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)က ၅ ရက်အတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းတွေကတော့ ဒီဇင်ဘာလ (၂၆) ရက်နေ့ မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ အိန္ဒိယနယ်စပ် ပွိင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့ကို အပြီးသိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ ULA/AA က မနေ့ည ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် မြောက်ဦးမြို့နယ်၊မြောင်းဘွေရဲစခန်းကို ဒီနေ့ ဒီဇင်ဘာ ၃၀ မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတ်ဖွဲ့ဝင် ၉ ယောက်မှာ အသက်မသေစေလိုတဲ့အတွက် လက်နက်ချ အညံ့ခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော်နဲ့နီးစပ်သူ သတင်းအရင်းအမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို အတည်ပြု ပြောပါတယ်။

အခုလို့ ရခိုင်ပြည်က စစ်ကောင်စီစခန်းတွေကို ရက္ခိုင့်တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက်လာတာနဲ့ ပတ်သက်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက အခုလိုပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews