Tuesday, September 17th 2024

▪️ မြောက်ဦးမြို့မှာ ဒေသခံအများအပြား မြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ



▪️ မြောက်ဦးမြို့မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား မြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရ (ရုပ်၊ သံ)
ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လူနေရပ်ကွက်များကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် မြို့ခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ။်
မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်မြို့လုံးနီးပါးမြို့ခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြို့တွေကပြောဆိုကြပါတယ်။
ထွက်ပြေးလာသူအများစုမှာ နေအိမ်ကိုစွန့်ခွာပြီး အသက်လု ထွက်ပြေးလာရတဲ့အတွက် စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်လာနိုင်မှု မရှိတဲ့အတွက် ရက်ကြာလာပါက စားသောက်ရေးအခက်အခဲတွေရှိလာနိုင်တယ်လို့လည်းပြောဆိုကြပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews