Tuesday, September 17th 2024

မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်လိုက်ပြီ (ရုပ်/သံ)



နိရဉ္စရာ၊ ဒီဇင်ဘာ ၂၇/ ၂၀၂၃

စစ်ကောင်စီရဲ့ ဂျက်ဖိုင်တာလေယာဉ်ပစ်ကူတွေ၊ အမြောက်ကြီးတွေနဲ့ ပစ်ခတ် ခုခံကာကွယ်နေတဲ့ ကြားထဲက မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော် အေအေက အောင်မြင်စွာ အပြီးသတ်သိမ်းပိုက်လိုက်ပြီးလို့ သိရပါတယ်။

မြောက်ဦးမြို့မြောက်ဘက် မြို့အဝင်အထွက်ရှိ ငွေတောင်ပေါက်မှာ တည်ရှိတဲ့ သူတော်မတောင်စစ်စခန်းနဲ့ မြောက်ဦးခရိုင်ရဲစခန်းတို့ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရှေးဟောင်းသမိုင်းဝင်အမွေ အနှစ်တွေကိုပါ ပစ်ခတ်ဖျက်ဆီးလာတာအပေါ် ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၂၅ ရက်က သတိပေးထုတ်ပြန်လိုက်ပြီးနောက် နောက်တစ်နေ့မှာ မြောက်ဦးခရိုင်ရဲစခန်းကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ (၂၆) ရက် ည (၁၂)အချိန်မှာ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် မြောက်ဦးမြို့အခြေအနေကို မြို့ခံတစ်ယောက်က အခုလို့ပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews