Tuesday, September 17th 2024

မြောက်ဦးမြို့ ငွေတောင်ပေါက်က မြို့မရဲစခန်းနဲ့ စစ်စခန်းတစ်ခုကို AA ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)



နိရဉ္စရာ၊ ဒီဇင်ဘာ ၂၄/၂၀၂၃

ဒီနေ့ မနက်အစောပိုင်း ၃ နာရီ ၅၅ မိနစ်လောက်စပြီး မြောက်ဦးမြို့ ငွေတောင်ပေါက် မြို့မရဲစခန်းနဲ့ သူတော်မတောင်စစ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (အေအေ) ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် မနက်အာရုဏ်တက် ၄ နာရီကျော်အချိန်ထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲမှာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၅ နာရီလောက်မှာ တိုက်ပွဲရပ်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးဝန်းကျင်ကို မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းနဲ့ ၅၄၀ တပ်ရင်းတို့က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီလို့ စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့၊ ရွာဟောင်းတောကျေးရွာက အသက် (၄၀) အရွယ် ဦးမောင်မောင်သိန်း အပါအဝင် နောက်ထပ်မြို့ခံအရပ်သားပြည်သူ ၄ ယောက်တို့ ဟာ လက်နက်ကြီးကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ မြို့ခံတစ်ယောက် ပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews