Tuesday, September 17th 2024

သတင်းမီဒီယာ ဖိနှိပ်မှုကို အံတုနေကြတဲ့ ရခိုင် အမျိုးသမီးသတင်းသမားတွေ (ရုပ်သံဆောင်းပါး)



သတင်းမီဒီယာ ဖိနှိပ်မှုကို အံတုနေကြတဲ့ ရခိုင် အမျိုးသမီးသတင်းသမားတွေ (ရုပ်သံဆောင်းပါး)

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၁/၂၀၂၃


မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က မတရားအာဏားသိမ်းယူပြီးနောက် ပြည်တွင်းမီဒီယာတွေရဲ့ သတင်းထုတ်ဝေခြင်း လိုင်စင်တွေကို ပိတ်သိမ်းတာတွေ၊ သတင်းဌာနတွေကို ဝင်စီးတာတွေ၊ သတင်းသမားတွေကို မတရားဖမ်းဆီးထောင်ကျတာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။
ဒါအပြင် ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်အခြေစိုက်လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ တင်ဆက်ထုတ်ဝေနေတဲ့ သတင်းတွေ အပေါ် မှတ်ချက် ရေးသားတာတွေ၊ မျှဝေတာတွေနဲ့ Copy ယူပြီး ထပ်ဆင့်မျှဝေတာတွေနဲ့ ပြုလုပ်နေသူတွေကိုပါ အရေးယူမယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ဒီဇင်ဘာလ အစောပိုင်းလောက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်စစ်ပွဲတွေဟာ ရခိုင်ပြည်ရဲ့ မြောက်ပိုင်းမှာသာမက တောင်ပိုင်းအထိ ကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အပြစ်မဲ့ပြည်သူတွေအပေါ် ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေ များလာနဲ့အညီ သတင်းမီဒီယာတွေကိုလည်း တရားစွဲဆို အမှုဖွင့်ပြီး သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ ရှိလာပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews