Tuesday, September 17th 2024

စစ်ကောင်စီတပ်က ရခိုင်ဒေသခံ‌ေတွကို ဖမ်းဆီးပြီး ငွေညှစ်မှုတွေ ရှိနေတဲ့သတင်း



ရခိုင်တောင်ပိုင်းကမြို့နယ်တွေကို ရက္ခိုင့်တပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် သံတွဲမြို့ပေါ်မှာ အေအေကို လူထုမထောက်ခံသယောင် စစ်ကောင်စီက ဝါဒဖြန့်စာတွေ လိုက်ကပ်နေတယ်လို့သိရပါတယ်
လက်ရှိကပ်ထားတဲ့ စာထဲမှာ "ရခိုင်ပြည်တောင်ပိုင်းမှာ ULA/AA အလိုမရှိ" ဟု ပါရှိတယ်လို့ဆိုပါတယ်။
သံတွဲမြို့၊ ကဒွါရာဝတီမြို့မဈေးကြီးအနားဝန်းကျင်နဲ့ မြို့ပေါ်က လူစည်ကားတဲ့နေရာ တွေမှာ အဲ့ဒီစာတွေကို ကပ်ထူပြားမှာရေးသားထား ပြီးတော့ လိုက်လံကပ်ထားခြင်းဖြစ်တယ်လို့ မျက်မြင် သံတွဲမြို့ခံ လူငယ်တစ်‌ေယာက်ကပြောပါတယ်၊
အဲ့ဒီအပြင် ဒီကနေ့ မနက်ပိုင်းကလည်း သံတွဲမြို့မဈေးကြီးအနား အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းထဲက ဗာဒံပင်တစ်ပင်မှာ စာကပ်ထားသည်ကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်
အဲ့ဒီစာ တွေကို ဒီဇင်ဘာလ ၉ ရက်လောက်ကနေ သံတွဲမြို့ပေါ်ကရပ်ကွက် တွေမှာ ကပ်ထားတာကို တွေ့ရှိရပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကို ပြည်သူတွေက မထောက်ခံကြဖို့နဲ့ အမုန်းပွားစေဖို့ စစ်ကောင်စီက တမင်ဝါဒ ဖြန့်ခြင်းဖြစ်တယ်လို့ အဲ့ဒီဒေသခံကဆက်ပြောပါတယ်
စစ်ကောင်စီက အနည်းဆုံး သံတွဲဒေသခံ အရပ်သား ၁၀ ယောက်ထက်မနည်းကိုလည်း အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားတယ်လို့သိရပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews