Tuesday, September 17th 2024

မြန်မာစစ်တပ်က အယောက်(၁၂၀) သေဆုံးပြီး (၅၀) ဒဏ်ရာရ



မုန်းမြို့ကတိုက်ပွဲအတွင်းမှာ မြန်မာစစ်တပ်က အယောက်(၁၂၀) သေဆုံးပြီး (၅၀) ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုံးမြို့ပေါ်ကတိုက်ပွဲအတွင်းမှာ မြန်မာစစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက်၁၂၀ သေဆုံးပြီး (၅၀ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်ပါတယ်
အဲ့ဒီမုန်းမြို့ပေါ်ကတိုက်ပွဲမှာ ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ပူးပေါင်း တပ်ဖွဲ့ တေွက စတင်ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ
စစ်ဆင်ရေး စတင်တဲ့ ဒီဇင်ဘာလ (၂) ရက်နေ့ကနေ ဒီဇင်ဘာလ (၇) ရက်နေ့ အတွင်မှား ခမရ (၅၉၀) တပ်ရင်း ဌာနချုပ်၊ မုန်းမြို့မရဲစခန်းနှင့် ကော့ပြင် တပ်စခန်း တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နှဲ့ မုန်းသာစည်တံတားကင်း‌ကိုလည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်
တိုက်ခိုက်သိမ်းပိုင်ရာမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့‌ေတွက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ် တွေ ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့သိရပါတယ်