Tuesday, September 17th 2024

အစ္စရေးကို တင့်ကားသုံး အမြောက်ကျည်များ ရောင်းချဖို့ဘိုင်ဒင်အစိုးရ ဆုံးဖြတ်



ကွန်ဂရက်ကို ကျော်လွန်ပြီး အစ္စရေးကို တင့်ကားသုံး အမြောက်ကျည်များ ရောင်းချဖို့ဘိုင်ဒင်အစိုးရ ဆုံးဖြတ်လိုက်ပါတယ်။
သမ္မတ ဘိုင်ဒင်အစိုးရဟာ အစ္စရေးကို တင့်ကားသုံးအမြောက်ကျည်တွေအရေးပေါ်ရောင်းချဖို့ဆုံးဖြတ်လိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြေညာခဲ့ပါတယ်
ဂါဇာတောင်ပိုင်းဒေသမှာ စစ်ဆင်ရေးတိုးမြှင့်နေတဲ့ အစ္စရေးစစ်တပ်အတွက် ဒေါ်လာ ၁၀၆ သန်းတန်ဖိုးရှိတဲ့ တင့်ကားသုံး အမြောက်ကျည် ၁၄၀၀၀ ကို အရေးပေါ် ရောင်းချပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်အတွင်း အမေရိကန်လူဝင်မှုဆိုင်ရာ မူဝါဒ နဲ့နယ်စပ်လုံခြုံရေးအတွက် အပြန်အလှန် ငြင်းခုန်နေကြစဉ် သမ္မတဘိုင်ဒင် တောင်းခံထားတဲ့ ယူကရိန်း၊ အစ္စရေး နှင့် အခြားနိုင်ငံအချိုရဲ့ လုံခြုံရေးအတွက် ဒေါ်လာ ၁၀၆ ဘီလျံကိစ္စ မှေးမှိန်နေခိုက်မှာအခုလိုဆုံးဖြတ်လိုက်တာပါ
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က အမေရိကန်အမျိုးသားလုံခြုံရေး အကျိုးစီးပွါးအတွက် အရေးပေါ်ထွက်ပေါက်အဖြစ် လိုအပ်နေတဲ့ အမြောက်ကျည်ရောင်းချရေးကို ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကွန်ဂရက်ကို အသိပေးခဲ့တာဖြစ်ပါတယ်။
အခုလိုပြည်ပနိုင်ငံကို လက်နက်ရောင်းချမှုကို ကွန်ဂရက်က အတည်ပြုမှသာ ပြုလုပ်နိုင်ပေမယ့် တစ်ခါတရံမှာ အတည်ပြုချက်မယူတော့ဘဲ ဆုံးဖြတ်လေ့ရှိရာ အခုဆုံးဖြတ်ချက်မှာ ရှားရှားပါးပါး ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်
အစ္စရေးကို အရေးပေါ်ရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့ ဒေါ်လာ ၁၀၆ သန်း တန်ဖိုးရှိတဲ့ တင့်ကားသုံး အမြောက်ကျည်တွေမှာ ၁၂၀ မမ ပေါက်ကွဲအားပြင်းထန်တဲ့ ဘက်စုံသုံး တင့်ကားဖျက်ကျည်ဆံတွေနဲ့အတူ နည်းပညာအကူအညီ၊ သယ်ယူရွှေ့ပြောင်းရေးတွေပါဝင်တယ်ပါတယ်
အမေရိကန်အစိုးရ လေးဆက်က အခုလို လွှတ်တော်အတည်ပြုချက်မယူဘဲ လက်နက်ရောင်းချမှုပြုခဲ့ဖူးတယ်လို့သိရပါတယ်
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews