Tuesday, September 17th 2024

ပလက်ဝမြို့ အဝင်အထွက်လမ်း‌တွေကို စစ်ကောင်စီတပ်က စတင်ပိတ်ဆို့လိုက်တဲ့သတင်း



ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ရက် မနက်ပိုင်းကစပြီး မြို့အဝင်အထွက် ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့လိုက်တာကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေအကြား အဆက်အသွယ်တွေ ပြတ်တောက်သွားပြီလို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်
ပလက်၀မြို့နယ်မှာ အင်အားအကြီးဆုံး စစ်စခန်းတစ်ခုဖြစ်တဲ့ တရွန်အိုင်ဗျူဟာကုန်ကို ရက္ခိုင့်တပ်တော်-အေအေကသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ နှုံးဘူးဗျူဟာကုန်ကိုလည်း သိမ်းပိုက်ရရှိနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်လာသလို စစ်ကောင်စီတပ်ဖက်က ကျဆုံးမှုများပြားလာတာကြာင့် အခုလို မြို့အဝင်အထွက်ကို ပိတ်ပင်လိုက်တာလို့ ပလက်ဝဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့စပြီး ပလက်ဝမြို့ပေါ်က ရိက္ခာကျေးရွာကိုသွားတဲ့ ကားလမ်းကိုပိတ်ပင်လိုက်ပြီး ပလုတ်တောင်ရပ်ကွက်ကမီးလက်ဝ ကူးတို့ဆိပ်ကိုပါ ပိတ်ဆို့လိုက်တာဖြစ်တယ်လို့သိရပါတယ်
အဲ့ဒီအပြင် ပလက်ဝနဲ့ဆက်စပ်‌ နေတဲ့ အခြားကျေးရွာ‌ေတွ အကြား ဖောက်လုပ်ထားတဲ့ ရွာချင်းဆက်လမ်း‌ေတွကိုလည်း ပိတ်ဆို့လိုက်ပြီလို့ဆိုပါတယ်
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်‌ေန့ ရခိုင်မှာတကျော့ပြန် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်အချိန်ကနေစပြီး ပလက်၀မြို့နဲ့ ကျောက်တော်လမ်းကြောင်း တွေကို စစ်ကောင်စီက ပိတ်ထားခဲ့တာဖြစ်ပါတယ်
အခုလို လမ်းကြောင်းတွေကို ပိတ်ထားခဲ့တာကြောင့် ပလက်ဝမြို့မှာ ကုန်ဈေးနှုန်း‌ေတွမြင့်တက်နေပြီ စက်သုံးဆီများမှာလည်း ပြတ်လပ်လုနီးပါးဖြစ်နေတာ လျှပ်စစ်မီး ပေးနေမှုဟာ လာမယ့်ရက်ပိုင်းမှာဖြတ်တောက်နိုင်ဖွယ်ရှိတယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်
အဲ့ဒီပလက်ဝမြို့ကို စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ ထားသလို အင်တာနက်လိုင်းဖြတ်တောက်ထားတာဟာလည်း နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews