Tuesday, September 17th 2024

ဘူးသီးတောင်မြို့နယ် ရက္ခိုင့်တပ်တော်-အေအေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား



ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး (၄၅) ရက်မြောက်နေ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁၀) ရက် ထုတ်ပြန်ချက်မှာ ပေါက်တောမြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ကိုထပ်မံရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့နယ် သစ်တောရွာအနားမှာလည်း ရက္ခိုင့်တပ်တော်-အေအေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌ တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်
အဲဒီထုတ်ချက်ထဲမှာ ပေါက်တောမြို့မှာ ကျန်ရှိနေသေးတဲ့ ရန်သူ့အကြွင်းအကျန် တွေကို ရက္ခိုင့်တပ်တော်-အေအေက ဆက်လက်ရှင်းလင်းနေပြီး စစ်ကောင်စီက ပေါက်တောမြို့နဲ့ အနီးအနားကကျေးရွာ တွေကို နေဗီနဲ့ ရမ်းကား ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပေါက်တောမြို့က အရပ်သား ပြည်သူတွေကို ဓါးစာခံနဲ့ လူသားဒိုင်းကာ အဖြစ် ဖမ်ဆီးပြီးသတ်ဖြတ်ခဲ့တဲ့ ရန်သူ့တပ်ဖွဲ့ဝင် အချို့ကိုလည်း ထပ်မံရှင်းလင်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်
ဘူးသီးတောင်မြို့နယ်၊ သစ်တောရွာအနီးတွင်လည်း ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်
နိရဉ္စရာ သတင်းဌာနက ရရှိတဲ့ သတင်းအရ အဲ့ဒီတိုက်ပွဲမှာ ရက္ခိုင့်တပ်တော်(AA)က စနိုက်ပါသေနတ်နဲ့ ပစ်ခတ်လိုက်တာ ကြောင့် စစ်ကောင်စီ ဗိုလ်ကြီးအဆင့် အရာရှိတစ် ယောက်မှာ ဒဏ်ရာ ရရှိသွားခဲ့ပြီး ဘူးသီးတောင်၊ သစ်တောရွာအနားမှာရှိတဲ့ဗျူဟာကုန်း တပ်မဘက်က ဆင်းလာတဲ့ စစ်ကောင်စီ၏ ကားတစ်စီးကို ဒီဇင်ဘာ ၁၀ ရက်၊ နေ့လယ် ၁ နာရီ‌ေလာက်မှာ AA က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်
အဲ့ဒီအပြင် ဒီဇင်ဘာလ (၁၀) ရက်နေ့က စစ်ကောင်စီဟာ ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့အနီးရှိ ကျေးရွာ တွေကို လက်နက်ကြီး‌ေတွ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ကြောင့် မင်းပြားနဲ့ စစ်တွေမြို့မှာ ကလေးငယ်တစ်ယောက်သေဆုံးပြီး ဒေသခံ ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို့ နေအိမ်တစ်ချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews