Tuesday, September 17th 2024

စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ ရဲရိုးပြင်ကျေးရွာက အမျိုးသမီးတစ်ဦးနဲ့ အင်တာဗျူး



“စစ်သားတွေ တက်လာပြီ။ စစ်သားတွေ တက်လာပြီ။ အရှေ့ဘက်ရွာကို မီးလောင်နေပြီ။ နင်တို့တွေ အမြန် လွတ်အောင် ထွက်ပြေးကြတော့……..”


စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာက အမျိုးသမီးတစ်ဦးနဲ့ အင်တာဗျူး

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၁/ ၂၀၂၃

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အင်အား (၁၀၀) လောက်ရှိတဲ့ အကြမ်းဖက် မြန်မာ စစ်တပ်ရဲ့ တပ်ရင်း (၂၇၀) က ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို သေနတ်ပစ်ခတ် ဝင်ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အခုလို့ အကြောင်းမဲ့ မီရှို့ဖျက်ဆီးလိုက်တဲ့အတွက် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှာ အိမ်ခြေ ၁၃၀ လောက် မီးလောင်ပြီး ပြာပုံအတိဖြစ်သွားခဲ့ရပါတယ်။

စစ်ကောင်စီမီးရှို့နေတဲ့ကြားထဲက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရဲရိုးပြင်ကျေးရွာက အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးကို သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက မေးမြန်းတင်ပြပေးလိုက်ပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews