Tuesday, September 17th 2024

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြော



စစ်ကောင်စီ နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရဦးခိုင်သုခက ပြောပါတယ်။

နိုင်ငံတဝန်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ပတ်သက်လို့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တဲ့အပေါ် ဦးခိုင်သုခက တုံ့ပြန်ပြောသွားတာ ဖြစ်ပါတယ်။


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်နဲ့ ဆောင်ရွက်နေပြီးလုံးဝ အထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။


မြန်မာနိုင်ငံမှာ ၁၉၆၂ အာဏာသိမ်းပြီးကတည်းက အစိုးရအဆက်ဆက်နဲ့ ဆွေးနွေးလာတာတောင်မှ ဘာမှဖြစ်မလာခဲ့ဘဲ အခု အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးလို့ရော နောက်ထပ်ဘာအာမခံချက်များရှိလာမှာလဲလို့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆိုမှုအပေါ် ဦးခိုင်သုခက မေးခွန်းထုတ်လိုက်ပါတယ်။


နောက်ပြီး နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် ဘယ်အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးမှာလဲဆိုတာ အရေးပြီး၂၀၀၈ နဲ့ NCA ကတော့ လက်ရှိမှာ ဘယ်သူမှလည်း လက်ခံကြမှာမဟုတ်ဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။


ဒါကြောင့်မလို့ အခု စစ်ကောင်စီခေါင်းဆောင်ကပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဆိုတာကတော့ ဘာမှအဓိပ္ပာယ်မရှိဘူးလို့သူက ပြောပါတယ်။


စစ်ကောင်စီအနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာရင်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုသက်ဆိုင်ရာဒေသနဲ့ ဒေသခံတွေကပဲ ခံစားရတာဖြစ်လို့ မိုက်တွင်းဆက်နက်နေမယ်ရင် အဲ့ဒီဒဏ်ကိုဒေသခံပြည်သူတွေကပဲ ခံစားရမယ်လို့ ဆိုထားပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews