Tuesday, September 17th 2024

တာရင်တောင် စခန်းကို MNDAA ကသိမ်းပိုက်



လောက်ကိုင်မြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ ၂ မိုင်လောက်ပဲ ဝေးတော့တဲ့ တာရင်တောင် စခန်းကို MNDAA ကသိမ်းပိုက်လိုက်ပြီလို့ ကိုးကန့်မီဒီယာမှာ သတင်းဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ တာရင်တောင်ကို MNDAA က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးတော့ နှစ်ရက်အကြာ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ အဲဒီစခန်းကို အပြတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုသိမ်းပိုက်ရရှိတဲ့ စခန်းဟာ စစ်ကောင်စီရဲ့ လောက်ကိုင် မီရှင့်ကုတ် ဒကစနေရာနဲ့ တိုက်ရိုက်အကွာအဝေး(၂)မိုင်လောက်ပဲရှိပြီး တောင်ပေါ်စေတီကနေ လောက်ကိုင်မြို့ကို တိုက်ရိုက် ရှုမြင်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီတာရင်တောင် စခန်းဟာ လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက် တောင်ကုန်းပေါ်မှာ ရှိတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင်အနည်းဆုံး(၁၁)ယောက်ကို စစ်သုံ့ပန်အနေဖြင့် ဖမ်းဆီးရရှိခဲ့ပြီး သူတို့အထဲမှာ သက်ကြီးရွယ်အို ဒဏ်ရာရှိတဲ့ စစ်သားတွေပါဝင်ကြောင်းတယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ အင်အား လွန်စွာချို့ယွင်းနေတာကို တွေ့ရှိရပြီး တိုက်ခိုက်ချင်တဲ စိတ်ဓာတ်လုံးဝ မရှိတော့တာကို တွေ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ ကိုးကန့်ဒေသတွင်း စခန်း ၄ ခုပဲ ကျန်တော့ပြီး MNDAA ဟာ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး အောင်မြင်တော့မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်ရှင့်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews