Tuesday, September 17th 2024

ဟွန်ဒါ စက်လှေတစ်စီးကို စစ်တပ်က သေနတ်နဲ့လှမ်းပစ်တဲ့အတွက်ကြောင့် ၁ ယောက်သေဆုံး



မနေ့က ဒီဇင်ဘာ ၆ ရက်နေ့က မင်းပြားကနေ ပေါက်တောမြို့နယ်ကို ပြန်တဲ့ ဟွန်ဒါ စက်လှေတစ်စီးကို စစ်တပ်က သေနတ်နဲ့လှမ်းပစ်တဲ့အတွက်ကြောင့် ၁ ယောက်သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

အဲဒီစက်လှေဟာ ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာကဖြစ်ပြီး မင်းပြားမြို့နယ်က သူ့ညီမတွေကို သွားခေါ်ပြီး ငါးတန်ပျင်းချောင်းထဲမှာ သွားနေတဲ့အချိန်မှာ မင်းပြား အခြေစိုက် ခမရ (၅၄၁) တပ်ရင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ရွာသားတစ်ယောက်ကပြောပါတယ်။

သေဆုံးသူဟာ ပေါက်တောမြို့နယ်၊ ဖဒူကျေးရွာက အသက် ၄၂နှစ်အရွယ် ဦးမောင်ဝင်းလှိုင်ဖြစ်တယ်လို့လည်း သိရပါတယ်။

စက်လှေပေါ် ပါလာတဲ့ ကျန်တဲ့ အမျိုးသမီး ၃ ယောက်နဲ့ ကလေးတစ်ယောက်ကတော့ အထိအခိုက်မရှိဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖဒူရွာကျေးရွာသားတစ်ဦးက ပြောပါတယ်။

မနေ့က မနက် ၉ နာရီခွဲလောက်ကနေ စပြီးတော့ မင်းပြားမြို့ရဲ့ တောင်ဘက်အစွန်ဆုံး ၁ မိုင်လောက်အ အကွာက မယ်တော်တောင်မှာ တပ်စွဲထားတဲ့ ခမရ ၅၄၁ တပ်က စစ်ကောင်စီတပ်သားတွေဟာ မြို့အနီးအနားက သွားလာတဲ့ ဆိုင်ကယ်တွေနဲ့ ငါးတန်ပျင်းချောင်းအပါအဝင် မင်းပြားမြစ်အတွင်းမှာ သွားလာနေတဲ့ စက်လှေတွေကို စက်သေနတ်နဲ့ လှမ်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ရရှိထားတဲ့ ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး‌တော့ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews