Tuesday, September 17th 2024

မြောက်ဦးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ မနေ့က မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မနေ့က ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ လမ်းဆုံအနားမှာ စစ်ကောင်စီတပ်သားတွေကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက နိရဥ္စရာကို ပြောပါတယ်။
အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။
မိုင်းဆွဲခံရပြီးတဲ့‌နောက်မှာတော့ စစ်ကောင်စီက အဲဒီ ကျောက်ရာဇ်ကေ လမ်းဆုံမှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေရှိခဲ့တယ်လို့လည်း သူကပြောပါတယ်၊
အခုလို မိုင်းဆွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် မနေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေဟာ မြို့ထဲမှာ စစ်ကြောင်းလှည့်တာတွေရှိခဲ့ပြီးတော့ မြောက်ဦးက စစ်ကောင်စီတပ်ရင်းတွေ၊ ငွေတောင်ပေါက်နဲ့ ကျောက်ရာဇ်ကေ လမ်းဆုံတို့ကလည်း လက်နက်ငယ်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews