Tuesday, September 17th 2024

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအထိ တိုးလာနေ



ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအထိ တိုးလာတယ်လို့ သိရပါတယ်။

အဲဒီအထဲက ပေါက်တောမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၇ သောင်းကျော်အထိ အများဆုံးဖြစ်နေတယ်လို ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့က တာဝန်ရှိသူတစ်ယောက်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။



ရခိုင်က စစ်ဘေးတိမ်းရှောင်နေကြရတဲ့ မြို့နယ်တွေကတေ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြားနဲ့ ရသေ့တောင်တို့မှာအများဆုံးဖြစ်နေပြီး မောင်တော၊ ဘူးသီးတောင်နဲ့ မြေပုံတို့ဘက်ကလည်း စစ်ဘေးရှောင်သူတွေ တိုးလာနေတယ်လို့လည်း သိရပါတယ်။

ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်းဘက်တို့မှာဆိုရင် ရွာလုံးကျွတ်ထွက်ပြေးနေရသူတွေလည်းရှိနေတယ်လို့လည်း သိရပါတယ်။

လကျရှိတှငျ စစျဘေးရှောငျတှေ စားဝတျနရေေးအတှကျ အကူညီလိုအပျနတေယျလို့ ပရဟိတလုပျနတေဲ့ ပေါကျတောမွို့က အမြိုးသားတစျယောကျက နိရဉ်စရာကိုပွောပါတယျ။

စစ်ဘေးရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်နေရတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ တကျော့ပြန်တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်က ရပ်ရွာတွေကို တိုက်ပွဲဖြစ်မှုမရှိဘဲနဲ့ နေ့‌ရောညပါ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတဲ့အတွက်ကြောင့် အသက်အန္တရာယ်စိုးရိမ်လို့ ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ဒီကနေ့ရရှိထားတဲ့ ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews