Thursday, September 19th 2024

လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၂ နှစ်သား ကလေးတစ်ယောက်အပါအဝင် အရပ်သား ၆ ယောက် ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်း



မင်းပြားမြို့နယ်၊ တိုင်းဗဟို(၉)က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အိုးပုံကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ရွာသား ၆ ယောက် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲက ၂ နှစ်သားအရွယ် ကလေးငယ် တစ်ယောက်နဲ့ ၁၈ နှစ်အရွယ် မိန်းခလေးတစ်ယောက်တို့ဟာ ဒဏ်ရာပြင်းထန်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာ ၂၉ ရက်၊ ည ၇ နာရီခွဲလောက်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိဘဲနဲ့ စစ်ကောင်စီ တိုင်းဗဟို (၉)က လက်နက်ကြီးတွေနဲ့ အနီးအနားကကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် အိုးပုံကျေးရွာထဲမှာကျရောက်ပေါက်ကွဲခဲ့ပြီး အခုလို ရွာသား ၆ ယောက် ဒဏ်ရာရခဲ့တာပါ။



အသက်၂နှစ်အရွယ် မောင်လင်းသိန်းစိုးနဲ့ အသက် ၁၈ အရွယ် မခင်မြင့်သန်းတို့မှာ ဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် မင်းပြားမြို့နယ် ပြိုင်းချောင်းဆေးခန်းကို ဆေးကုသဖို့ ပို့ဆောင် ထားရတယ်လို့လည်း သိရပါတယ်။



အသက် ၂ နှစ်အရွယ်ကလေးငယ်မှာဆိုရင် လက်နက်ကြီး ကျည်စထိမှန်မှု‌ကြောင့် ၀မ်းဗိုက်မှာ အူပွင့်ထွက်သွားပြီး မိန်းကလေးငယ်မှာဆိုရင် ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားတယ်လို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ပြိုင်းချောင်းရွာက အမျိုးသမီးတစ်ယောက်က နိရဉ္စရာကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်၊ ညကလည်း မင်းပြားမြို့က ကျိန်းတောင်စစ်ကောင်စီတပ်၊ ရာမောင်တံတားနားက စစ်ကောင်စီတပ်နဲ့ ကြပ်စင်တံတားနားက စစ်ကောင်စီ တပ်တွေက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် ကျည်စထိမှန်ပြီး ကေသလာချောင်း၀ရွာက အသက် ၇၀ကျော် သက်ကြီးပိုင်း အမျိုးသား တစ်ယောက် သေဆုံးသွားခဲ့သေးပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews