Thursday, September 19th 2024

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့တစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်နေရ



စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့ပြီး တစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်နေရ (ရုပ်၊ သံ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မြို့မဈေးကြီးအတွင်းမှာရှိတဲ့ ဈေးဆိုင်ခန်းပေါင်း ၃၀၀ လောက် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ဈေးဆိုင်ရောင်းချတဲ့အလုပ်နဲ့ မိသားစုစားဝတ်နေရေး၊ သားသမီးကျန်းမာရေး၊ ပညာရေးတွကို ဖြေရှင်းနေရသူတွေဖြစ်ပြီး လက်ရှိမှာ ဈေးဆိုင်ခန်းတွေမီးလောင်ပျက်စီးသွားတဲ့အတွက် ဆုံးရှုံးနစ်မာမှုများပြားခဲ့သလို ဘဝရပ်တည်းရေး ခက်ခဲသွားတယ်လို့လည်းပြောဆိုကြပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်နေပြီး ဒေသခံတွေသေဆုံးမှုနဲ့ မီးလောင်ကျွမ်းမှုတွေရှိလာတဲ့အတွက် ပုဏ္ဏားကျွန်းမြို့တစ်မြို့လုံးနီးပါး မြို့အခံများအပြားဟာ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews