Thursday, September 19th 2024

မြန်မာနယ်စပ်အနီးမှာ တရုတ်လက်တွေ့စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ စတင်မယ်လို့သိရပါတယ်



မြန်မာနယ်စပ်အနီးမှာ တရုတ်လက်တွေ့စစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ စတင်မယ်လို့သိရပါတယ်

တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး တည်ရှိတဲ့ာ တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ လက်တွေ့စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ ဒီကနေ့ ဆင်ဟွာသတင်းမှာဖော်ပြပါတယ်
အဲ့ဒီစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်လေ့ကျင့်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(PLA) က စပြီးပြုလုပ်မှာပါ။

တောင်ပိုင်းစစ်ဒေသကြီး ကြည်းတပ် တပ်ဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက်ကနေစပြီး တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ လက်တွေ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုလေ့ကျင့်မှုဟာ အဲဒီဒေသအတွင်းက တပ်ဖွဲ့ရဲ့လျင်မြန်စွာ တုံ့ပြန်နိုင်မှု၊ နယ်စပ်ဒေသကို ပိတ်ဆို့ထိန်းချုပ်မှု၊ ပစ်ခတ်တိုက်ခိုက်ရေးစွမ်းရည်တို့ စစ်ဆေးနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး သတင်းနဲ့ ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ လေတပ် အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီ က ပြောကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

တောင်ပိုင်းစစ်ဒေသကြီး တပ်ဖွဲ့ဟာ ရုတ်ခြည်းဖြစ်ပွားလာနိုင်မဲ့ အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားမှာဖြစ်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမှာလို့ သူက ပြောကြားခဲ့ပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews