Thursday, September 19th 2024

ချင်းပြည်နယ် လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးတပ်‌ေတွက သိမ်းပိုက် လိုက်ပြီလို့သိရပါတယ်



ချင်းပြည်နယ် လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးတပ်‌ေတွက သိမ်းပိုက် လိုက်ပြီလို့သိရပါတယ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေး ပူးပေါင်း တပ် တွေက နိုဝင်ဘာ ၂၄ ရက်မ နက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ လူထုနွေဦး The people’s springမှာ သတင်းဖော်ပြထားပါတယ်
လိုင်လင်းပီမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၁၉ ရက်က‌ေနစပြီးတော့ ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ၆ ရက်မြောက်နေ့ နိုဝင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်

စစ်ကောင်စီတပ်က ၅ ကြိမ်‌ေလာက် တိုက်လေယာဥ်နဲ့ ဗုံးလာကြခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ် သား‌ေတွ ထွက်ပြေးသွားတာ ကြောင့် လက်နက်ခဲယမ်း‌ေတွ အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်ရဲ့ မြို့ပေါ်ရပ်ကွက်မှာပဲ ထိန်းချုပ်ထားနိုင်တာကြောင့် တစ်မြို့နဲ့တစ်မြို့ကို ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေ အားလုံးကို ချင်းဒေသကာကွယ်ရေးတပ် (CDF)နှင့် CNA တပ်‌ေတွက ထိန်းချုပ်ထားပြီလို့ CNFCNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်

ချင်းပြည်နယ်ရဲ့ ဧရိယာ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီး မြို့နှင့် ၅ မိုင်ပတ်လည်ဝန်းကျင်ကိုသာ စစ်ကောင်စီ တပ်က ထိန်းချုပ်နိုင်တယ်လို့ ဆလိုင်းထက်နီက ပြောဆိုထားပါတယ်
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews